Wednesday, October 24, 2007

ပညာတော်သင်ကျောင်းသားသည်လည်း တစ်ချိန်တုံးက စစ်မြေပြင်မှာပါ....


ညီမလေးစကားကိုကြားတော့ စိတ်မကောင်းဖြစ်မိသည်။"အစ်ကိုလေးတို့က နိုင်ငံခြားပညာတော်သင်ကို အေးအေးဆေးဆေးသင်နိုင်ချိန်မှာ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေရဲ့ဘ၀ကို ဘယ်သူတွေကမှ ကိုယ်ချင်းမစာနိုင်ပါဘူး.."
ညီမလေးရယ် အစ်ကိုတို့တွေလည်း ဒီဘ၀ကနေ ကျော် ဖြတ်လာသူတွေပါကွာ။ တစ်ချိန်တုံးက မင်းအစ်ကိုဟာလည်း.... သေမင်းတမန်လမ်းက ပြန်လာတဲ့သူတစ်ယောက်ပါ။
၂၀၀၆ ခုနှစ် ဇူလိုင်လ.... မိုးတွေရယ် ဘာအငြိုးကြောင့်များ ........ဒီလောက်ရွာနေရတာလည်းကွာ။ မနေ့ကဖြစ်ပွားသောတိုက်ပွဲတွင် ဒဏ်ရာရလူနာများကို နောက်တန်းပြန်ပို့ပေးရမယ့် အဖွဲ့တွင် ကျွန်တော်က တပ်စုမှုးအဖြစ်လိုက်ပါလာရသည်။ မိုးက သည်းမည်းစွာ ရွာသွန်းသောကြောင့် ထင်သလောက်ခရီးမပေါက်။ ဒဏ်ရာရလူနာများကိုလည်း မကြည့်ရက်၊ သယ်ဆောင် ထမ်းပိုးနေကြသော ရဲဘော်များကိုလည်း ကိုယ်ချင်းစာသည် မြန်မြန်သွားရန်
အမိန့်ကိုလည်း မပြောရက်.. ဤသို့ဖြင့် လမ်းခရီးတွင် ရက်တော်တော်ကြာနား၍ ခရီးဆက်ရသောကြောင့် ရိက္ခာကမလောက်တော့ပြီ...
မိုးတွေကသည်းသည်းမည်းမည်း အငြိုးကြီးစွာရွာစဲပင်.. ရဲဘော်လေးလာပေးသွားသော ထမင်းကို စားရန်ပင်တော်တော်အဆင်မပြေ။ မိုးကာခြုံထားသောလည်း လေအဝှေ့တွင် အဆင်ကသိပ်မပြေချင်။ ဟန်းကောချိုင့်လေးထဲမှ မြေပဲဆန်လေးနှင့် ထမင်းကို ငုံ့ခပ်လိုက်ချိန်တွင် Jugle Hat ပေါ်မှ ရေများက ချိုင့်ထဲသို့ တလပောာစီးဆင်းသွားတော့သည်။ မြေပဲဆန်လေးတွေက ရေမြှုပ်နေသော ထမင်းပေါ်တွင် ပေါလောပေါလော။ ထမင်းကို လက်တဖက်ဖြင့်ခံကာ ရေပြန်စစ်ရင်း..... မြို့ပေါ်များတွင်တာဝန်ကျနေသော သူငယ်ချင်းများကို သတိရလိုက်သည်။ စစ်သားတွေဘ၀သည် ကျရာတာဝန်ကို ကျရာနေရာတွင် တာဝန်ထမ်းဆောင်ကြရသည်များကို တွေးရင်း ထမင်းအေးအေးလေးများကို စားခဲ့သည်။
အခုတော့လည်း ပြည်ပနိုင်ငံတွင် ပညာတော်သင်လာနေသော ကျွန်တော်တို့တွေသည် တစ်ချိန်ကလည်း ဒီလိုဘ၀တွေကို ဖြတ်ကျော်ခဲ့ရတယ် ဆိုတာ..ညီမလေး..သိပါစေကွာ။ ။

2 comments:

Anonymous said...

So cool..really. Please keep up good work and I am willing looking forward to read newer poems and articles. Good luck.

ထွေးငယ် said...

နောက်ထပ်စာတွေ ဖတ်ရဖို့ မျော်လင့်နေပါတယ်